STARFISH COUNTRY HOME SCHOOL FOUNDATION

"For every child to have access to quality education"

 

เด็กทุกคนได้รับโอกาสในการเข้าถึงการศึกษาที่มีคุณภาพ

အမွေဆက်လက်တည်တန့်

ဒေါက်တာ Richard P. Huagland (သို့မဟုတ် ဒေါက်တာ ဒစ်ခ် ဟုခေါ်ရင်လဲ သူနှစ်သက်သည်) သည် အလွန်ရက်ရောသဘောကောင်းသော သူ တစ်ဦးဖြစ်၏။ သူသည် လူတွေရဲ့ဘ၀အပေါ် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုဖြစ်အောင် ကူညီလုပ်ဆောင်ရတာကို သူကယုံကြည် တယ်။ သူကပညာရေးအပိုင်းနှင့် ပတ်သက်ရင်စိတ်အားထက်သန်သည် ပိုအရေးကြီးတာက လူတွေရဲ့သာယာဝပြောရေးကို ပိုပြီအလေးထားသည်။

သူသည် ထိုင်း၊ နေပေါ၊ ဖီလစ်ပိုင်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် အိန္ဒိယနိုင်ငံများကိုဖြတ်ပြီး လူတွေရဲ့ဘ၀ထောင်ပေါင်းများစွကိုကူညီခဲ့သည်။

 

ဒေါက်တာ ဒစ်ခ်သည် Molecular Probes ကို သူ့ဇနီး ဒေါက်တာ Rosaria Huagland နှင့်အတူတီထွင်ခဲ့သည်။ သူသည် အထိရောက်ဆုံးသော Fluorecent Dyes အချို့ကိုတီထွင်ခဲပြီး ကမ္ဘာ့တစ်ဝှမ်းရှိဓါတ်ခွဲခန်းများတွင်အသုံးခဲ့သည်။ နှစ်ပေါင်းများစွာနောက်ပိုင်းတွင် The Alexa Fluor Dyes က(သူ့သားနာမည်ကိုအသုံးပြုထားသည်) အကောင်းဆုံးဆက်လက်တည်ရှိနေစဲ။  ဒါ့အပြင် ဒေါက်တာဒစ်ခ်သည် ဦးဆောင်သိပ္ပံပညာရှင်အဖြင့် သူ့၏ကုမ္ပဏီကို ၂၀၀၃ ခုနှစ်တွင် ရောင်းလိုက်သည့်အချိန်ထိ CEO နှင့် ဈေးကွက်ညွှန်ကြားရေးမှူးတာဝန်ကို ဆက်လက်ယူလာခဲ့သည်။ ထိုနောက်    ဒေါက်တာ ဒစ်ခ်သည် The Richard P. Haugland အမည်ရှိတဲ့ အဖွဲ့အစည်းတစ်ခုကို ထူထောင်ခဲ့ပြီး သူ့ရဲ့အဖွဲ့အစည်းကို သူ၏ပိုင်ဆိုင်မှုများကို

ပေးခဲ့သည်မှာ အောက်တိုဘာလ ၂၀၁၆ သူဆုံးသွားပြီးသည်အထိဖြစ်သည်။

 

Starfish Country Home school အဖွဲ့အစည်းသည် ၂၀၀၄ ခုနှစ် ကတည်းက ဒေါက်တာ ဒစ်ခ်ကနေထိုင်လာခဲ့ပြီး ၂၀၁၆ ခုနှစ် သူဆုံးသွားသည့်အထိ နေထိုင်ခဲ့သည့်နေရာဖြစ်သည်။ သူသည် အလွန်ထက်မြက်သည်၊ ကြင်နာတတ်သည်၊ လက်တွေ့ကျသည်၊ သူက ကလေးများအားလုံးရဲ့အချစ်တော် ဦးကြီး ဒစ်ခ် ဖြစ်ခဲ့ပါသည်။ သူသည် ကျေးရွာများနှင့် ကျေးလက် ဒေသများရှိအစီအစဉ်များကို သူကိုယ်တိုင်လာရောက်လည်ပတ်ပျော်မွေ့သည်။ သူက ကလေးများနဲ့လည်း စာသင်ရတာကို သူနှစ်သက်သည်။ ကလေးများအတွက် ပရိုဂရမ်ကနေ အကောင်းဆုံး အရည်အသွေးရှိပညာ

ရေးရရှိစေရန် သင်ရိုးညွှန်းဖွံ့ဖြိုးရေးနှင့်ကလေးများ၏အသိဥာဏ်ကြွယ်ဝတဲ့လှုပ်ရှားမှုများကို ဒေါက်တာ ဒစ်ခ် က တက်တက်ကြွကြွပါဝင်လုပ်ဆောင်

ပေးခဲ့ပါသည်။ သူ၏ထင်ရှားတဲ့ ကွန်ပျူတာသင်ကြားနည်းစနစ်များနှင့် သင်္ချာ၊ အင်္ဂလိပ်စာနှင့် ထိုင်စာသင်ရိုညွှန်းများကို အခြားသောမူကြိုကျောင်း နှင့်  အခြေခံ မူလတန်ကျောင်းများအတွက် ကြီးမားတဲ့ သက်ရောက်မှုတစ်ခု ဖြစ်ခဲ့သည်။

  • Facebook Social Icon

Starfish Country Home School Foundation (Head Office) 

71/11 Wiengping Road, Tambon Chang Klan, Amphoe Muang, Chiang Mai, Thailand Tel. (+66) 53-277 288

Email: adminfoundation@schsf.org